ကတိကဝတ်

သင့်လျော်သည့် လုပ်ထုံးလုပ်နည်းများအတိုင်း လုပ်ဆောင်သည့်အပြင် ကတိကဝတ် များကို စောင့်ထိန်းသွားမည်။ ကျွန်ုပ်တို့၏ ကတိများ တည်နိုင်ရန်အတွက် တစ်သမတ်တည်း ဆောင်ရွက်မှု၊ ရိုးသားမှုနှင့် တိကျမှုတို့က အဓိကကျသည်။

တာဝန်ခံယူမှု

ကျွန်ုပ်တို့၏ ဖောက်သည်များ၊ လုပ်ဖော်ကိုင်ဖက်များ၊ မိသားစုနှင့် အသိုင်းအဝိုင်းတို့ အပေါ် သက်ရောက်မှုရှိသည့် ကျွန်ုပ်တို့၏ အပြုအမူများအတွက် တာဝန်ယူသွားမည်။ ကုမ္ပဏီ၏ အကောင်းဆုံး အကျိုးစီးပွားကို ရှေးရှုပြီး ပြတ်သားစွာ လုပ်ဆောင်ရမည်။

လေးစားမှု

လူတိုင်းကို ညီတူမျှတူ အစွမ်းကုန် လေးစားမှုဖြင့် ဆက်ဆံသွားမည်။ ကျွန်ုပ်တို့သည် တစ်ဦးစီ၏ မတူကွဲပြားမှုနှင့် တစ်မူထူးခြားသည့် အားထုတ်ပါဝင်မှုများကို တန်ဖိုးထားသည်။

အားထုတ်မှု

မေတ္တာရပ်ခံချက် အားလုံးကို မလုပ်နိုင်တာမရှိဟူသော တွေးတောပုံနှင့် အစွမ်းကုန် အားထုတ်မှုတို့ဖြင့် ဖြည့်ဆည်းပေးသွားမည်။ ဖြစ်နိုင်သရွေ့ “ လိုသည်ထက်ပိုသော” ဝန်ဆောင်မှု ပေးနိုင်ရန် အားထုတ်ရမည်။ ကျွန်ုပ်တို့ မလုပ်နိုင်သည်များကို မရှင်းပြမီ လုပ်နိုင်သည်များကို အရင်ရှင်းပြရမည်။

အကောင်းဆုံး ဈေးနှုန်းများနှင့်
ဝန်ဆောင်မှုများ
ပြသလွှာတစ်စောင် ရယူမည်

ပုံစံဖြည့်သွင်း၍ ဈေးနှုန်းပြသလွှာ ရယူပါ

    ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများ

    ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ပညာရှင်ပီသမှု၊ စွမ်းဆောင်ရည်နှင့် ဇွဲကောင်းမှုတို့အတွက် ရရှိထားသည့် ဂုဏ်သတင်းကို ဆက်လက်မြှင့်တင်နိုင်ရန် တန်ဖိုးပေါင်းထည့်ခြင်းနှင့် ကျွန်ုပ်တို့ ဖောက်သည်များ၏ အကျိုးစီးပွားတို့ကို ကာကွယ်ခြင်းတို့ဖြင့် အားထုတ်ကြိုးပမ်းနေသည်။

    ကုန်ပစ္စည်း ပို့ဆောင်ရေးနှင့် SOC

    ကုန်ပစ္စည်း ပို့ဆောင်ရေး လုပ်ငန်းများအတွက် ဖော်ပြပါ ဝန်ဆောင်မှုများ ပေးထားပါသည်

    စီမံကိန်းအလိုက် သယ်ယူပို့ဆောင်ရေး

    ကျွန်ုပ်တို့ ဝန်ဆောင်မှုပေးခဲ့သည့် သက်တမ်းတစ်လျောက်အတွင်း ချက်ချင်းသုံးနိုင်မည့် ရှုပ်ထွေးသည့် အိမ်ပေါက်ဝအရောက် ဝန်ဆောင်မှုများကို ရင်းနှီးကျွမ်းဝင်စွာ ကိုင်တွယ်လျက် ရှိပါသည်။

    ကုန်ပစ္စည်း သိုလှောင်ခြင်း

    ELANသည် ဖောက်သည်များအတွက် ပုံမှန်ပစ္စည်းပို့ဆောင်ရေး ဝန်ဆောင်မှုများအပြင် တန်ဖိုး ထပ်ဆောင်း ဝန်ဆောင်မှုများ ပေးရမည်ဟု ယုံကြည်ထားပါသည်။

    ကုန်ပစ္စည်းပို့ အေဂျင်စီနှင့် CSA

    ကုန်ပစ္စည်းပို့ အေဂျင်စီများအကြား စွမ်းဆောင်ရည်ပြည့်ဝပြီး ဝါရင့်အဖွဲ့

    ဖြန့်ဖြူးရေးနှင့် ဈေးကွက်ချဲ့ထွင်ရေး ဝန်ဆောင်မှုများ

    ဈေးကွက်နှင့် ကိုက်ညီမှု လေ့လာချက်၊ တင်သွင်းသူက ငွေကြိုပေးရခြင်း၊ လိုင်စင်လျှောက်ထားရေးနှင့် FDA ခွင့်ပြုချက်

    အကောက်ခွန်ကိုယ်စားလှယ်

    ELAN တွင် ကုန်ပစ္စည်းမျိုးစုံအတွက် ခွင့်ပြုချက် ရယူရာတွင် အတွေ့အကြုံရင့် အကောက်ခွန် ပညာရှင်အဖွဲ့ တစ်ဖွဲ့ရှိသည်။