“ Elan ဆိုသည်မှာ ဖျက်လက်တက်ကြွမှု၏ အဓိပ္ပာယ်ရသည့် ရိုးရှင်းသော စကားစုလေးတစ်ခု ဖြစ်ပါသည်။ Elan သည် “ အမြန်ပြေးသည်” ဟု အဓိပ္ပာယ်ရ ပြင်သစ်ဘာသာ စကားလုံးတစ်ခုမှ လာပြီး élan ဟု စာလုံးပေါင်းလေ့ ရှိပါသည်။ တက်ကြွစွာ အမြန်ပြေးလွှားနိုင်သူကို elan ရှိသူဟု ပြောနိုင်ပြီး တစ်မူထူးခြားသည့် အသုံးအနှုန်းတစ်ခု ဖြစ်ပါသည်။ Elan သည် လူတစ်ဦး သို့မဟုတ် ဦးတည်ချက်တစ်ခုအတွက် စိတ်အားထက်သန်မှုလည်း ဖြစ်နိုင်ပါသည်။

အထက်ပါ ဖော်ပြချက်တို့သည် စီမံခန့်ခွဲရေးအဖွဲ့က Elan ၏ လုပ်ငန်းများ လာမည့်နှစ်များစွာ အတွင်း ကြီးထွားရန်နှင့် ရေရှည်တည်တံ့စေရန် စိတ်အားထက်သန်မှုကို ပြသနေပါသည်။

တာဝန်ဖော်ပြချက်

ဖောက်သည်များ

ကျွန်ုပ်တို့ သည် ထပ်တိုးတန်ဖိုးရှိသော ဝန်ဆောင်မှု နှင့် ဖေါက်သည်များ ၏အကျိုး စီးပွားကို အကောင်း ဆုံးကာကွယ်ပေးမည်။

ဝန်ထမ်းများ

ကျွန်ုပ်တို့ သည်ဝန်ထမ်းအားလုံး၏ တိုးတက်မှုအတွက်တန်းတူအခွင့်အရေးပေး ထားပြီး ၎င်းတို့၏ ရိုးသားဖြောင့်မတ်မှု ကောင်းမွန်စွာအလုပ်လုပ်ကိုင်မှုများအပေါ် အသိအမှတ်ပြု တန်ဖိုးထား သည်။

ရှယ်ယာရှင်များ

ကျွန်ုပ်တို့ သည် အစုရှယ်ယာဝင်များ၏နှစ်ရှည်လများ အတူလက်တွဲခြင်းကို တန်ဖိုးထားပြီး ရည်ရှည် တည်တန့်သော တိုးတက်မှု နှင့် သာလွန်ကောင်းမွန်သော ဘဏ္ဍာရေးအကျိုးအမြတ်များ ကိုသယ် ဆောင် လာပေးမည်။

လူ့အသိုင်းအဝိုင်း

ရည်ရှည် တည်တန့်တိုးတက် သော လုပ်ငန်းများ မှတဆင့် ကျွန်ုပ်တို့၏ကမ္ဘာကြီးကို ပိုမိုတိုးတက် အောင် ကူညီမည် ။

မဏ္ဍိုင်တန်ဖိုးများ

ကတိကဝတ်

ပြုပြင်ပြောင်းလွဲလွယ်သော ချဉ်းကပ်မှုမှ လက်တွေ့ကျသော ဖြေရှင်းမှုပြုလုပ်ခြင်းသည် ကျွန်ုပ်တို့ ၏ပြောင်းလဲမှု မရှိသော စံတန်ဖိုးထားမှု များဖြစ်သည်။

တာဝန်ခံယူမှု

ကျွန်ုပ်တို့ပြောရင်ပြောသလို လုပ်ကိုင်ပြီး ဖေါက်သည်များ လုပ်ဖေါ်ကိုင်ဖက်များ မိသားစုနှင့် လူမှု အဖွဲ့အစည်းများ တို့၏ဘဝများအပေါ် လွှမ်းမိုး မှုရှိသော ကျွန်ုပ်တို့ ၏လုပ်ဆောင် မှုများ ကိုတာ ဝန်ယူသည် ။

လေးစားမှု

ကျွန်ုပ်တို့သည် လူတစ်ဉီးခြင်းဆီ တိုင်းကိုတန်းတူညီမျှလေးစားမှု အပြည့်ဖြင့်ဆက်ဆံပြီး အများနှင့် မတူကွဲပြားပြီး ထူးခြားသော ပံ့ပိုးလုပ်ဆောင်မှုများ ကိုတန်ဖိုးထားသည်။

အားထုတ်မှု

တောင်းဆိုမှုများကို လုပ်ကိုင်နိုင်စွမ်း ရှိသည် ဟူသော တွေးခေါ်မှု နှင့် ခက်ခဲသော အချိန် များတွင်ဇွဲလုံလရှိပြီး  စိတ်အားထက်သန်စွာ ကြိုးစားအားထုတ်မည်။

Elan Logistics Solutions Ltd သည် ISO 9001:2015 ကို ရရှိသည်။

ELAN LOGISTICS SOLUTIONS LTD သည် ISO 9001:2015 အသိအမှတ်ပြုလက်မှတ်ရရှိထားပြီး အရည်အသွေး၊ ထိရောက်မှုနှင့် ဖောက်သည်စိတ်ကျေနပ်မှု၏ အမြင့်ဆုံးစံနှုန်းများကို လိုက်နာရန် ကျွန်ုပ်တို့၏ကတိကဝတ်ကို သက်သေပြခြင်းဖြင့် ဂုဏ်ယူဝမ်းမြောက်ပါသည်။ ဤဂုဏ်သိက္ခာရှိသော အသိအမှတ်ပြုလက်မှတ်သည် နိုင်ငံတကာအသိအမှတ်ပြု အကောင်းဆုံးအလေ့အကျင့်များကို စဉ်ဆက်မပြတ်တိုးတက်စေရန်နှင့် ကျွန်ုပ်တို့၏ဆက်ကပ်အပ်နှံမှုကို သက်သေပြချက်တစ်ခုဖြစ်သည်။ ISO အသိအမှတ်ပြုလက်မှတ်ကို ရယူခြင်းဖြင့် ကျွန်ုပ်တို့၏လုပ်ငန်းဆောင်တာများ၏ ကဏ္ဍတိုင်းတွင် ထူးချွန်ထက်မြက်လာစေရန် ကျွန်ုပ်တို့၏ဖောက်သည်များ၊ လုပ်ဖော်ကိုင်ဖက်များနှင့် သက်ဆိုင်သူများ၏ မယိမ်းမယိုင်သောအာရုံစိုက်မှုကို အာမခံပါသည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ထူးချွန်မှုကို ရှာဖွေရာတွင် ခိုင်မြဲစွာ ရပ်တည်ပြီး ကျွန်ုပ်တို့ လုပ်ဆောင်သမျှတွင် မျှော်လင့်ထားသည်ထက် ကျော်လွန်ရန် ဆက်လက်မျှော်လင့်နေပါသည်။

စီမံခန့်ခွဲရေးအဖွဲ့

RAYMOND PHEE 
မန်းနေးဂျင်း ဒါရိုက်တာ
ELAN GROUP OF COMPANIES

JACQUELINE PHEE
အမှုဆောင် ဒါရိုက်တာ
ELAN GROUP OF COMPANIES

WIN THIDA
ဘဏ္ဍာရေး တာဝန်ခံ
ELAN GROUP OF COMPANIES

AUDREY SEAH
ဒါရိုက်တာ
ELAN LOGISTICS PTE LTD

ZAW MYO HTWE
ဒါရိုက်တာ
ELAN LOGISTICS LTD (MYANMAR)

YI YI CHO
မန်းနေးဂျင်းဒါရိုက်တာ ၏ ကိုယ်ရေးအရာရှိ
ELAN LOGISTICS LTD (MYANMAR)


Hana Nguyen
ဒါရိုက်တာ
ELAN VIETNAM COMPANY LTD

SHIRLENE LOW
ဒါရိုက်တာ
ELAN INTERNATIONAL SDN BHD

JEFFERI JUBRIN
ဒါရိုက်တာ
ELAN INTERNATIONAL SDN BHD

SAN SAN HLAING
မန်နေဂျာ (လူ့စွမ်းအားအရင်းမြစ်)
ELAN LOGISTICS LTD (MYANMAR)

THAN THAN AYE
လက်ထောက်အထွေထွေမန်နေဂျာ(သင်္ဘောလိုင်းကိုယ်စားလှယ်လုပ်ငန်းဌာန)
ELAN LOGISTICS SOLUTIONS LTD (MYANMAR)

NU YIN WIN
လက်ထောက်အထွေထွေမန်နေဂျာ (ကုန်တင်ပို့ဆောင်မှုလုပ်ငန်းဌာန)
ELAN LOGISTICS LTD (MYANMAR)

THAE NU NU SAN

လက်ထောက်အထွေထွေမန်နေဂျာ (သင်္ဘောလိုင်းကိုယ်စားလှယ်လုပ်ငန်းဌာန)
GLOBAL CONSOLIDATORS LTD (MYANMAR)

CHEN HUI LING
ဘဏ္ဍာရေး မန်နေဂျာ
ELAN LOGISTICS PTE LTD

LYNN LYNN TUN
လက်ထောက်အထွေထွေမန်နေဂျာ (သင်္ဘောလိုင်းကိုယ်စားလှယ်လုပ်ငန်းဌာန)
ELAN LOGISTICS SOLUTIONS LTD (MYANMAR)

KAYTHI
လက်ထောက်အထွေထွေမန်နေဂျာ (သင်္ဘောလိုင်းဧည့်ဝန်ဆောင်မှုလုပ်ငန်းဌာန)
ELAN LOGISTICS LTD (MYANMAR)


Zaw Wunna
လက်ထောက်အထွေထွေမန်နေဂျာ (ကုန်တင်ယာဉ်နှင့်အကောက်ခွန်ရှင်းလင်းရေးဌာန)
ELAN LOGISTICS LTD (MYANMAR)


 Swe Thet
လက်ထောက်အထွေထွေမန်နေဂျာ (ကုန်လှောင်ရုံလုပ်ငန်းဌာန)
ELAN LOGISTICS SOLUTIONS LTD (MYANMAR)


 Poe Pearl Maung
လက်ထောက်အထွေထွေမန်နေဂျာ (စီမံကိန်းလုပ်ငန်းဌာန)
ELAN LOGISTICS SOLUTIONS LTD (MYANMAR)

Cherdsak Saeheng
အထွေထွေ မန်နေဂျာ
ELAN LOGISTICS  (Thailand) LTD.

ဥက္ကဌ၏ သတင်းစကား

ဖောက်သည်များအတွက် အကောင်းဆုံး သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုများ ပေးနိုင်ရန် ညီတူမျှတူ စိတ်အားအင်မတန် ထက်သန်မှုကြောင့် Elan ကုမ္ပဏီများအဖွဲ့ကို ဖန်တီးနိုင်ခဲ့ပါသည်။ Raymond Phee၊ Jacqueline Phee နှင့် စွမ်းဆောင်ရည်အပြည့် ခေါင်းဆောင်အဖွဲ့တစ်ဖွဲ့တို့မှ 2012 ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပါသည်။ ကျွန်ုပ်တို့သည် စင်ကာပူ၊ မလေးရှား၊ ဗီယက်နမ် ၊ထိုင်း နှင့် မြန်မာ နိုင်ငံများတွင် လုပ်ငန်းများနှင့် ပိုင်ဆိုင်မှုများ ရှိထားပြီး လုပ်ငန်းနည်းဗျူဟာမှာ သယ်ယူပို့ဆောင်ရေးလုပ်ငန်း အတွက် နည်းလမ်းခြောက်သွယ်ဖြင့် ချဉ်းကပ်မှုဖြစ်ပြီး - ကုန်ပစ္စည်း ပို့ဆောင်ခြင်း၊ အေဂျင်စီ ကိုယ်စားလှယ်၊ အကောက်ခွန်ကိုယ်စားလှယ်၊ ကုန်ပစ္စည်း သိုလှောင်ခြင်း၊ စီမံကိန်း စီမံခန့်ခွဲမှုနှင့် ဖြန့်ဖြူးရေးနှင့် ပို့ဆောင်ရေးတို့ ပါဝင်ပါသည်။ ကျွန်ုပ်တို့၏ လုပ်ငန်းမိတ်ဖက်များကို ဈေးကွက် ချဲ့ထွင်ရေး ဝန်ဆောင်မှုမျိုးစုံဖြင့် ထောက်ပံ့ပေးထားပါသည်။

ELAN သည် ဝန်ထမ်း 30 မှသည် ယနေ့တွင် 550 အထိ တိုးလာပြီဖြစ်ပြီး မြန်မာနိုင်ငံတွင်း လုပ်ငန်းများတွင် ကျွမ်းကျင်မှုနယ်ပယ်မျိုးစုံမှ လူ 500 ခန့်ကို ခန့်အပ်တာဝန်ပေးထားပါသည်။

အောက်ပါတို့ကို မလိုက်နာဘဲ အောင်မြင်မှုရနိုင်မည် မဟုတ်ပါ။

က) အရည်အချင်း ပြည့်ဝပြီး အားစိုက်ပါဝင်မည့် ဝန်ထမ်းအစုအဖွဲ့
ခ) ဝန်ထမ်းတိုင်၏ အားသာချက်နှင့် အားထုတ်မှုများကို အကောင်းဆုံး အသုံးချ၍ စုပေါင်း ဆောင်ရွက်မှု။
ဂ) ကုန်ပစ္စည်းများ မထိခိုက်ရေး၊ နိုင်ငံတကာတွင် သယ်ယူပို့ဆောင်ရေးဆိုင်ရာ ပိုင်ဆိုင်မှုမျိုးစုံနှင့် ပို့ဆောင်ရာတွင် သယ်ယူပို့ဆောင်ရေးကဏ္ဍ၏ အစိတ်အပိုင်း အားလုံးအပေါ် ထိန်းချုပ်နိုင်မှုတို့အပေါ် အထူးဂရုစိုက်နိုင်မှုသည် ကျွန်ုပ်တို့၏ အဓိကအားသာချက် ဖြစ်ပါသည်။
ဃ) သဘာဝအားများ၊ 天时地利人和“မျိုးစိတ်တစ်ခုအတွင်း ရှင်သန်ကျန်ရစ်သူများသည် အားအသန်ဆုံး သို့မဟုတ် အသိဉာဏ်အမြင့်ဆုံး မျိုးစိတ်ဝင်များ မဟုတ်ကြဘဲ အပြောင်းအလဲအပေါ် တုံ့ပြန်နိုင်မှု အမြင့်ဆုံးသူများ ဖြစ်ကြသည်”