စိုက်ပျိုးမွေးမြူရေး

စိုက်ပျိုးမွေးမြူရေးသည် ဆန်/ဂျုံမှသည် တိရိစ္ဆာန် မွေးမြူရေးအထိ နယ်ပယ်မျိုးစုံပါဝင်သည့် မျိုးကွဲစုံလင်သော လုပ်ငန်းတစ်ခုဖြစ်ပါသည်။

စိုက်ပျိုးမွေးမြူရေးအတွက် သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှု ဆိုရာတွင် ELAN က ပို့ဆောင်သည့် လုပ်ငန်းစဉ်အပေါ် ယုံကြည်အားကိုးနိုင်မှုနှင့် အထူးသဖြင့် အချိန်နှောင့်နှေးမှုနှင့် မသေချာမှုများ၊ ဝန်ဆောင်မှု အရေအသွေးနှင့် ရရှိနိုင်မှုနှင့် အနှောင့်အယှက် ဖြစ်နိုင်ခြေတို့နှင့် ပတ်သက်၍ ဖြေရှင်း ကိုင်တွယ်ခြင်း ဖြစ်ပါသည်။ အထက်ပါ ထိခိုက်နိုင်ခြေများကို ကိုင်တွယ်ရခြင်း၏ အဆုံးသတ် ဦးတည်ချက်မှာ အရေအတွက်နှင့် အရည်အသွေး မှန်ကန်သည့် ထုတ်ကုန်များကို မှန်ကန်သည့် နေရာသို့ မှန်ကန်သည့်အချိန်တွင် ကုန်ကျစရိတ် သက်သာစွာဖြင့် ထိရောက်စွာ ပေးပို့နိုင်ရန် ဖြစ်ပါသည်။

ကျွန်ုပ်တို့ ရုံးစိုက်ရာ မြန်မာနိုင်ငံမှ စိုက်ပျိုးမွေးမြူရေး ပို့ကုန်များသည်ELAN အဖွဲ့အတွက် ကျွမ်းကျင်သည့်နယ်ပယ်တစ်ခု ဖြစ်နေပြီး စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်အများစုသည် ကျွန်ုပ်တို့ ရုံးအများစုရှိရာ မြန်မာနိုင်ငံမှ ထွက်ရှိကြပါသည်။ ပို့ကုန်များမှ 80% ခန့်သည် မြန်မာနိုင်ငံမှဖြစ်ပြီး ပဲနှင့် သစ်ထုတ်ကုန်များမှ ဖြစ်ကြ၍ နှစ်များစွာအတွင်း ကျွန်ုပ်တို့သည် ဖောက်သည်များနှင့် ခိုင်မာသည့် ဆက်သွယ်မှုများ ဖန်တီးနိုင်ခဲ့ပြီး ဖောက်သည်များကို ၎င်းတို့ထွက်ကုန်များအား နိုင်ငံရပ်ခြားသို့ စီးပွားရေးအရ တွက်ခြေကိုက်ပြီး အထိရောက်ဆုံး နည်းလမ်းတို့ဖြင့် ပို့ဆောင်နိုင်ရန် ကျွန်ုပ်တို့၏ ဒေသတွင်း ကျွမ်းကျင်မှုများဖြင့် အကူအညီပေးလျက်ရှိသည်။