ပစ္စည်းနေရာချထားခြင်းသည် FMCG – အတွက် အထူးအရေးကြီးပါသည် – ပစ္စည်းတစ်ခု အောင်မြင်မှုရစေရန် ထိုပစ္စည်းများအား ထားရှိသည့် အချိန်/နေရာ/ပုံစံတို့က အဓိကကျပါသည်။
ကျွန်ုပ်တို့သည် –
- ဈေးကွက်ကိုက်ညီမှု လေ့လာချက် (MFS)
- လိုင်စင်လျှောက်ထားခြင်းနှင့် FDA လျှောက်ထားခြင်း
- အောက်တွင်ဖော်ပြထားသည့် ပစ္စည်းအဝယ် လမ်းကြောင်းများစွာကို နားလည်ပြီး အသုံးပြုနိုင်သည် –
-
- အကြိုရောင်းချခြင်း
- ဗန်ကားများဖြင့် လှည့်လည်ရောင်းချခြင်း
- Horeca (ဟိုတယ်၊ စားသောက်ဆိုင်၊ ကဖေးများ)
- ကြိုတင်စီစဉ်မှုဖြင့် ယနေ့ခေတ်ကုန်သွယ်မှု
- လက်ကား
- CVS ကျန်းမာရေးဝန်ဆောင်မှု
- အမှတ်တံဆိပ်နှင့် ထုတ်ကုန် အရောင်းမြှင့်တင်ခြင်း
- ထုတ်ကုန်များကို MFS လုပ်ဆောင်ပြီး ဖောက်သည်နှင့် ဆွေးနွေးပြီးလျှင် ၎င်းတို့နှင့် သင့်လျော်သည့် ဒေသများသို့ ဖြန့်ဖြူးပေးမည်၊
- ထပ်ဆင့်ရောင်းချသူများ၏ အကြိုနှင့် ဗန်ကားဖြင့်လိုက်လံ ရောင်းချမှုများမှ အမှာစာများ ရယူပြီး ထုတ်ကုန်များကို မြန်ဆန်စွာနှင့် အရည်အသွေးမီ ပေးပို့မည်
- ယနေ့ခေတ်ကုန်သွယ်မှုအတွက် ဆိုင်တွင်းပြသမှုများ၊ နမူနာများနှင့် အရောင်းမြှင့်တင်မှု မျိုးစုံတို့ ကဲ့သို့သော ဈေးကွက်တွင်းလှုပ်ရှားမှုများကို ကွင်းဆင်းစီစဉ်ပေးမည်။
- ဖောက်သည်တို့၏ တိုင်ကြားမှုများကို လျှော့ချပေးသည့်အပြင် ကူညီဖြေရှင်းပေးမည်
ကျွန်ုပ်တို့၏ ဖြန့်ဖြူးရေး ဝန်ဆောင်မှုများတွင် အောက်ပါတို့ကို ထည့်သွင်းပေးခြင်းဖြင့် တန်ဖိုးထပ်ပေါင်း၍ တစ်ထိုင်တည်းအပြီး ဝန်ဆောင်မှုတစ်ခုကို ဖန်တီးပေးထားသည် –
- တင်သွင်းသူက ငွေကြိုပေးခြင်း
- ကုန်ပစ္စည်း ရွှေ့ပြောင်းမှု/ ကုန်ပစ္စည်း အာမခံနှင့် ကုန်ကားဖြင့် ပို့ဆောင်ခြင်းတို့ အပါအဝင် သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုများ။
- အကောက်ခွန် ခွင့်ပြုချက်
- ကုန်ပစ္စည်း သိုလှောင်ခြင်းနှင့် သိမ်းဆည်းခြင်း
- ဖြန့်ဖြူးရေးဂိုထောင်မှ ဝယ်သူလက်အရောက် ပို့ဆောင်ခြင်း
- အကြွေးကောက်ခံခြင်း
သတင်းအချက်အလက် ခွဲခြမ်းစိစစ်မှု –
ကျွန်ုပ်တို့ ဖြန့်ဖြူးမှုကွန်ရက်အောက်တွင် ပစ္စည်းများ များလာသည်နှင့်အမျှ ယနေ့ခေတ် စီးပွားရေး လုပ်ငန်းများတွင် သတင်းအချက်အလက်တို့၏ အသုံးဝင်ပုံကို အထူးအလေးပေး လိုပါသည်။
ကျွန်ုပ်တို့၏ ဖြန့်ဖြူးရေးလုပ်ငန်းများတွင် OnTheGoTM မိုဘိုင်းရောင်းချရေးနှင့် ဖြန့်ဖြူးရေး (အကြိုရောင်းချမှု) နှင့် SAP B1 (Hana) စနစ်ကို ထည့်သွင်းအသုံးပြုလာခြင်းသည် ကျွန်ုပ်တို့၏ စွမ်းရည်ကို မြှင့်တင်ရန်နှင့် ကျွန်ုပ်တို့ကိုယ်တိုင်နှင့် ဖောက်သည်များအနေဖြင့် ဝန်ဆောင်မှုများကို နေရာစုံတွင် အဆင့်မြှင့်တင်ရာ၌ သတင်းအချက်အလက် ခွဲခြိမ်းစိတ်ဖြာမှုကို အသုံးပြုရန် အခွင့်အလမ်းတစ်ခု ဖြစ်လာပါသည်။
ကျွန်ုပ်တို့၏ ဖြန့်ဖြူးရေး ဝန်ဆောင်မှုများအရ လှုပ်ရှားမှုများနှင့် သတင်းအချက်အလက်များ အကြောင်း ဆက်လက်သိလိုပါက ဤနေရာမှတစ်ဆင့် ကျွန်ုပ်တို့၏ facebook စာမျက်နှာသို့ ဝင်ရောက်နိုင်ပါသည်။
https://www.facebook.com/EEnterprisesltd