ကုန်ပစ္စည်း ပို့ဆောင်ရေးနှင့် SOC

ကုန်ပစ္စည်း ပို့ဆောင်ရေး လုပ်ငန်းများအတွက် ဖော်ပြပါ ဝန်ဆောင်မှုများ ပေးထားပါသည်

  • FCL ကွန်တိန်နာအပြည့်ကုန်
  • LCL ကွန်တိန်နာ အပြည့်မပါကုန်
  • ခွဲသယ်မည် – စုသယ်မည် / ကွန်တိန်နာမဆန့်ကုန်
  • ကုန်များစုပေါင်းခြင်းနှင့် ခွဲထုတ်ခြင်း
  • လေကြောင်းမှ သွင်းကုန် / ပို့ကုန် – ကမ္ဘာတစ်လွှားလုံးမှ နိုင်ငံတကာ ဝန်ဆောင်မှုများ
  • ကုန်ပစ္စည်း အာမခံ
  • အိမ်အရောက် ဝန်ဆောင်မှုများ

ကုန်းလမ်းမှ ပို့ဆောင်မှု

ကုန်းလမ်းပို့ဆောင်ရာတွင် ဖောက်သည်များ၏ ကုန်ပစ္စည်းအလိုက် မတူညီသော လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် ကျွန်ုပ်တို့ကိုယ်ပိုင်နှင့် မိတ်ဖက်များ၏ 10’’၊ 14’’၊ 16’’၊ 20’’၊ 40’’ အရွယ် ကုန်ကားများကို အလိုက်သင့် ရောနှောထားရှိခြင်းသည် ကျွန်ုပ်တို့ကျွမ်းကျင်သည့် နယ်ပယ် ဖြစ်ပါသည်။ ထို့ကြောင့် ဈေးကွက်တောင်းဆိုမှု အလျှင်အမြန် ပြောင်းလဲမှုများကို အချိန်တိုအတွင်း တုံ့ပြန်နိုင်သည့်အပြင် ဖောက်သည်များကို အတားအဆီး မရှိဘဲ အချိန်မရွေး ကုန်ကားဖြင့် ဝန်ဆောင်မှုပေးနိုင်ပါသည်။ အထက်ပါ စွမ်းရည်ကြောင့် ကျွန်ုပ်တို့ဖောက်သည်များအတွက် အဓိက မြို့ကြီးများသို့ ကုန်းလမ်းမှ ပို့ဆောင်ပေးနိုင်ပါသည်။

NVOCC၊ ကွန်တိန်နာ အရောင်းအဝယ်နှင့် အငှား

  • ကွန်တိန်နာ 1000 ကျော်၊ အရွယ်အစား 20′ & 40′ ကွန်တိန်နာများကို ပိုင်ဆိုင်ထားသည်
  • အခေါက်ရေပုံမှန် လာရောက်မည့် ကွန်တိန်နာကောက်ယူ သင်္ဘောများစွာရှိသည်
  • ကွန်တိန်နာများ ရောင်းချခြင်း၊ ကွန်တိန်နာ ရေတို/ရေရှည် ငှားရမ်းခြင်း
  • ဖောက်သည်များ၏ လိုအပ်ချက်များအလိုက် ကွန်တိန်နာများအား ပြင်ဆင်ပြောင်းလဲခြင်း

စာတိုပို့ရန်