မြန်မာနိုင်ငံ

ဦးစွာ မြန်မာနိုင်ငံတွင် 2012ခုနှစ်ကတည်းက စတင်လည်ပတ်ခဲ့သည့် ELAN Myanmar သည် မိတ်ဖက်များအတွက် အသိပညာနှင့် ကျွမ်းကျင်မှုများစွာတို့ကို သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှု အပြည့်အစုံအတွက် လုပ်ငန်းတွင်း အတွေ့အကြုံ ရင့်သန်မှုနှင့် ပေါင်းစပ်၍ ဝန်ဆောင်မှု ပေးလျက် ရှိသည်။ ချိန်တိုအတွင်း ကျွန်ုပ်တို့၏ ဝန်ထမ်းဦးရေ 450 ကျော် တိုးလာခဲ့ပြီဖြစ်ပြီး ရန်ကုန်ရုံးချုပ် အပြင် မန္တလေး၊ မကွေး၊ ပဲခူး၊ ပခုက္ကူနှင့် တောင်ကြီး မြို့များတွင် ရုံးခွဲများ ဖွင့်လှစ်၍ ကွန်ရက် ချဲ့ထွင်နိုင်ခဲ့ကာ ဖောက်သည် 25,000 ကျော်ကို ဖော်ပြပါ ဝန်ဆောင်မှုများ ပေးနိုင်ခဲ့ပါသည်။ ယခုအောင်မြင်မှုများသည် အားထုတ်ပါဝင်မှု၊ စွမ်းဆောင်ရည်မြင့် ပညာရှင်အဖွဲ့မှ ထောက်ပံ့မှုနှင့် လုပ်ငန်းတွင်း အတွေ့ကြုံရင့်သန်မှုများကို အခြေပြု၍ ကျွန်ုပ်တို့ ဖောက်သည်များအတွက် တစ်ဦးစီနှင့် ကိုက်ညီပြီး အားကိုးနိုင်သည့် ဝန်ဆောင်မှုများ ပေးခြင်းကြောင့်သာ ပေါ်ပေါက်လာရ ပါသည်။

ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများ
ဖြန့်ဖြူးရေးနှင့် သယ်ယူပို့ဆောင်ရေး
ဖြန့်ဖြူးရေးသည် သယ်ယူပို့ဆောင်ရေးလုပ်ငန်းအတွက် ဖောက်သည်ထံ အရောက်ပို့မည့် နောက်ဆုံးအဆင့်၏ မရှိမဖြစ် အစိတ်အပိုင်းတစ်ခု ဖြစ်ပါသည်။ Elan ဖြန့်ဖြူးရေးပိုင်းသည် ဖောက်သည်များကို မတူညီသော သယ်ယူပို့ဆောင်နည်းများကို ဆန်းစစ်ပြီး ကုန်ကျစရိတ်နှင့် ပို့ဆောင်ရန်ကြာချိန်တို့ကို လျှော့ချပေး၍ အားကိုးနိုင်မှု၊ စွမ်းဆောင်ရည်၊ လက်လှမ်းမှီမှုနှင့် လုံခြုံရေးတို့အရ လက်ခံနိုင်သည့် ဝန်ဆောင်မှုများ ရရှိနိုင်ရန် အကောင်းဆုံး ပို့ဆောင်မှုတို့ကို ရွေးချယ်နိုင်ရန် ကူညီပေးလျက်ရှိသည်။

ဖြန့်ဖြူးရေး လမ်းကြောင်းများ –
ပစ္စည်းနေရာချထားခြင်းသည် FMCG –အတွက် အထူးအရေးကြီးပါသည် – ပစ္စည်းတစ်ခု အောင်မြင်မှုရစေရန် ထိုပစ္စည်းများအား ထားရှိသည့် အချိန်/နေရာ/ပုံစံတို့က အဓိကကျပါသည်။

ကျွန်ုပ်တို့သည် –

  • ဈေးကွက်ကိုက်ညီမှု လေ့လာချက် (MFS)
  • လိုင်စင်လျှောက်ထားခြင်းနှင့် FDA လျှောက်ထားခြင်း
  • အောက်တွင်ဖော်ပြထားသည့် ပစ္စည်းအဝယ် လမ်းကြောင်းများစွာကို နားလည်ပြီး အသုံးပြုနိုင်သည် –
      I. အကြိုရောင်းချမှုများ
      II. ဗန်ကားများဖြင့် လှည့်လည်ရောင်းချခြင်း
      III. ကြိုတင်စီစဉ်မှုဖြင့် ယနေ့ခေတ်ကုန်သွယ်မှု
      IV. Horeca (ဟိုတယ်၊ စားသောက်ဆိုင်၊ ကဖေးများ)
      V. လက်ကားရောင်းချမှု
      VI. CVS ကျန်းမာရေးဝန်ဆောင်မှု
  • အမှတ်တံဆိပ်နှင့် ထုတ်ကုန် အရောင်းမြှင့်တင်ခြင်း
  • ထုတ်ကုန်များကို ဈေးကွက်ကိုက်ညီမှု လေ့လာချက် (MFS) လုပ်ဆောင်ပြီး ဖောက်သည်နှင့် ဆွေးနွေးပြီးလျှင် ၎င်းတို့နှင့်သင့်လျော်သည့် ဒေသများသို့ ဖြန့်ဖြူးပေးမည်၊
  • ထပ်ဆင့်ရောင်းချသူများ၏ အကြိုနှင့် ဗန်ကားဖြင့်လိုက်လံ ရောင်းချမှုများမှ အမှာစာများ ရယူပြီး ထုတ်ကုန်များကို မြန်ဆန်စွာနှင့် အရည်အသွေးမီ ပေးပို့မည်
  • ယနေ့ခေတ်ကုန်သွယ်မှုအတွက် ဆိုင်တွင်းပြသမှုများ၊ နမူနာများနှင့် အရောင်းမြှင့်တင်မှု မျိုးစုံတို့ ကဲ့သို့သော ဈေးကွက်တွင်းလှုပ်ရှားမှုများကို ကွင်းဆင်းစီစဉ်ပေးမည်။
  • ဖောက်သည်တို့၏ တိုင်ကြားမှုများကို လျှော့ချပေးသည့်အပြင် ကူညီဖြေရှင်းပေးမည်
  • ကျွန်ုပ်တို့၏ ဖြန့်ဖြူးရေး ဝန်ဆောင်မှုများတွင် အောက်ပါတို့ကို ထည့်သွင်းပေးခြင်းဖြင့် တန်ဖိုးထပ်ပေါင်း၍ တစ်ထိုင်တည်းအပြီး ဝန်ဆောင်မှုတစ်ခုကို ဖန်တီးပေးထားသည် –
      I. တင်သွင်းသူက ငွေကြိုပေးရခြင်း
      II. ကုန်ပစ္စည်း ရွှေ့ပြောင်းမှု/ ကုန်ပစ္စည်း အာမခံနှင့် ကုန်ကားဖြင့် ပို့ဆောင်ခြင်းတို့ အပါအဝင် သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုများ။
      III. အကောက်ခွန် ခွင့်ပြုချက်
      IV. ကုန်ပစ္စည်း သိုလှောင်ခြင်းနှင့် သိမ်းဆည်းခြင်း
      V. ဖြန့်ဖြူးရေးဂိုထောင်မှ ဝယ်သူလက်အရောက် ပို့ဆောင်ခြင်း
      VI. အကြွေးကောက်ခံခြင်း

သတင်းအချက်အလက် ခွဲခြမ်းစိစစ်မှု –
ကျွန်ုပ်တို့ ဖြန့်ဖြူးမှုကွန်ရက်အောက်တွင် ပစ္စည်းများ များလာသည်နှင့်အမျှ ယနေ့ခေတ် စီးပွားရေး လုပ်ငန်းများတွင် သတင်းအချက်အလက်တို့၏ အသုံးဝင်ပုံကို အထူးအလေးပေးလိုပါသည်။ ကျွန်ုပ်တို့၏ ဖြန့်ဖြူးရေးလုပ်ငန်းများတွင် OnTheGoTM မိုဘိုင်းရောင်းချရေးနှင့် ဖြန့်ဖြူးရေး (အကြိုရောင်းချမှု) နှင့် SAP B1 (Hana) စနစ်ကို ထည့်သွင်းအသုံးပြုလာခြင်းသည် ကျွန်ုပ်တို့၏ စွမ်းရည်ကို မြှင့်တင်ရန်နှင့် ကျွန်ုပ်တို့ကိုယ်တိုင်နှင့် ဖောက်သည်များအနေဖြင့် ဝန်ဆောင်မှုများကို နေရာစုံတွင် အဆင့်မြှင့်တင်ရာ၌ သတင်းအချက်အလက် ခွဲခြိမ်းစိတ်ဖြာမှုကို အသုံးပြုရန် အခွင့်အလမ်းတစ်ခု ဖြစ်လာပါသည်။

ကျွန်ုပ်တို့၏ ဖြန့်ဖြူးရေး ဝန်ဆောင်မှုများအရ လှုပ်ရှားမှုများနှင့် သတင်းအချက်အလက်များ အကြောင်း ဆက်လက်သိလိုပါက ဤနေရာမှတစ်ဆင့် ကျွန်ုပ်တို့၏ facebook စာမျက်နှာသို့ ဝင်ရောက်နိုင်ပါသည်။
https://www.facebook.com/EEnterprisesltd

ကုန်ပစ္စည်း ပို့ဆောင်ရေး ဝန်ဆောင်မှုများ

  • FCL ကွန်တိန်နာအပြည့်ကုန်
  • LCL ကွန်တိန်နာ အပြည့်မပါကုန်
  • ခွဲသယ်မည် – စုသယ်မည် / ကွန်တိန်နာ မဆန့်ကုန်
  • ကုန်များစုပေါင်းခြင်းနှင့် ခွဲထုတ်ခြင်း
  • လေကြောင်းမှ သွင်းကုန် / ပို့ကုန် – ကမ္ဘာတစ်လွှားလုံးမှ နိုင်ငံတကာ ဝန်ဆောင်မှုများ
  • စီမံကိန်း စီမံကိုင်တွယ်မှု၊ အရွယ်အစားကြီး ကုန်များ၊ အပူချိန်ထိန်းချုပ် ဝန်ဆောင်မှု
  • ကုန်ပစ္စည်း အာမခံ

 

ကုန်ပစ္စည်း သိုလှောင်ခြင်း

  • စုစုပေါင်း သိုလှောင်မှုဧရိယာ 100,000 စတုရန်းပေ (ရန်ကုန်၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ပခုက္ကူနှင့် တောင်ကြီး ဖြန့်ကြက်သည်)
  • 24 နာရီ CCTV ဖြင့် စောင့်ကြည့်မှုနှင့် လုံခြုံရေး ဝန်ထမ်းများ အချိန်ပြည့် စောင့်ကြပ်မှု။
  • ဂိုထောင် စီမံခန့်ခွဲရေးစနစ်
  • ရွေးချယ်ထုပ်ပိုး ဝန်ဆောင်မှုများ
  • ကုန်များစုပေါင်းခြင်းနှင့် ပေါင်းစပ်ခြင်း
  • လေဘယ်ပြန်ကပ်ခြင်းနှင့် ကုန်စည်တင်ရန် အဆင်သင့်ပေါင်းစည်း ထုတ်ပိုးခြင်း
  • ဝယ်သူအတွက် ကုန်စုပေါင်းရေး ဝန်ဆောင်မှုများ
  • ရေတို/ရေရှည် သိုလှောင်ခန်း ငှားရမ်းခြင်း
  • စီမံကိန်းအလိုက် ကုန်သိုလှောင်မှု

 

အကောက်ခွန် ကိုယ်စားလှယ်အဖွဲ့

  • လူ 30 ပါဝင်သည့် အကောက်ခွန် ကိုယ်စားလှယ်အဖွဲ့ – အဝါကတ်ရှင် 3 ဦး

 

ကုန်းကြောင်းနှင့် နယ်ခြားဖြတ်ကျော် ကုန်ပို့ဆောင်မှု

  • ကိုယ်ပိုင်ကားဂိတ်များနှင့် ကိုယ်ပိုင်ထရပ်ကား 20 စင်းရှိသည်
  • ပစ္စည်းဖြန့်ဖြူးရန် လိုက်ထရပ်ကား 50 စင်း 10” ၊ 14” ၊ 16’’၊ 20’’၊ 40’’ အရွယ် (အမိုးအကာပါ) နှင့် ပစ္စည်းပို့ဗန်ကား 50 စင်း ပိုင်ဆိုင်ထားသည်
  • ထရပ်ကားဖြင့် ဘန်ကောက် မှ မဲဆောက် / မြဝတီ မှသည် ရန်ကုန်သို့ ပို့ဆောင်ပေးသည်