ထောက်ခံချက်

ကျွန်ုပ်တို့ MARGA LANDMARKအနေဖြင့် Elan Group ၏ ကောင်းမွန်သည့် ဖောက်သည် ဆက်ဆံရေး၊ အမျိုးစုံလင်ပြီး ထိရောက်သည့် ပြဿနာ ဖြေရှင်းမှုစွမ်းရည်များနှင့် ထိရောက်သည့် ဆက်သွယ်ရေးတို့ကို အထူးအလေးထားပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ ရှေ့ဆက်လုပ်ငန်းများ အတွက် Elan Logistics အဖွဲ့အစည်းအား ယုံကြည်အားကိုးနိုင်မည့် မိတ်ဖက်တစ်ဦးအဖြစ် အသိအမှတ်ပြုပါသည်။

MARGA LANDMARK DEVELOPMENT CO.,LTD 2022

 

Elan Logistics နှင့် ၎င်း၏ အဖွဲ့လိုက် ဝန်ဆောင်မှုနှင့် ဆက်သွယ်ရေးတို့သည် အထူး ကောင်းမွန်သည်။
ကျွန်ုပ်တို့သည် သင်တို့၏ သာလွန်ကောင်းမွန်သည့် ဝန်ဆောင်မှုများကြောင့် အပြည့်အဝ စိတ်ကျေနပ်ပါသည်။ ရှေ့ဆက်ပြီး ယခုဆက်ဆံရေး အဓွန့်ရှည်မည်ဟု ယုံကြည်ပါသည်။ ကျေးဇူးတင်ပါသည်။

Grand Wynn Group of Companies 2022

 

“ ထောက်ပံ့အားပေးမှုအတွက် အထူးကျေးဇူးတင်ပါသည်။ ဝန်ဆောင်မှု အထူးကောင်းမွန်ပြီး Elan Logistics ဝန်ဆောင်မှုနှင့် အလုပ်လုပ်ရသည်မှာ အင်တန်နှစ်မြို့ဖွယ်ဖြစ်၍ ရှေ့ဆက်၍လည်း ယခုဝန်ဆောင်မှုကို ဆက်သုံးသွားပါမည်။ ထို့ကြောင့် ကျွန်ုပ်တို့အနေဖြင့် Elan logistics ၏ ဝန်ဆောင်မှုများကို ရှေ့ဆက်မြင်လိုပါသည်။”

Nakagawa Chemical Equipment ( Myanmar ) Ltd 2022

 

အကောက်ခွန်ဆိုင်ရာ ကိစ္စများနှင့် ပတ်သက်ပြီး သင်တို့၏ ထောက်ပံ့ကူညီမှုများအတွက် အထူးဝမ်းမြောက်ပြီး ကျေးဇူးတင်ပါသည်။ သင်တို့၏ ပညာရှင်ပီသပြီး ယဉ်ကျေးသည့် အပြုအမူ၊ ကျွမ်းကျင်သူအဆင့် အသိပညာနှင့် ကိစ္စရပ်အလိုက် စိတ်ရှည်သည်းခံ ကိုင်တွယ်နိုင်မှုတို့သည် ကျွန်ုပ်တို့အတွက် အပြည့်အဝ စိတ်ကျေနပ်မှုရရန်အတွက် အထူးအရေးကြီးပါသည်။

Yangon Industrial Gas Trading Ltd 2022

 

ကျွန်ုပ်တို့သည် Elan နှင့် လက်တွဲလုပ်ဆောင်ခဲ့သည်မှာ 10 နှစ်ကျော်ပါပြီ။ Elan နှင့် အလုပ်လုပ်ရသည်မှာ “အပူအပင်ကင်း” ပါသည် – ကျွန်ုပ်တို့အတွက် Elan က ပညာရှင်များ၊ အားကိုးယုံကြည်နိုင်မည့် လုပ်ငန်းများနှင့် စွယ်စုံရမှုများဖြင့် ပံ့ပိုးပေးလျက်ရှိသည်။
လာမည့်ဆယ်စုနှစ်အတွင်းလည်း Elan နှင့် ချောမွေ့စွာ ဆက်လက်လက်တွဲနိုင်မည်ဟု ယုံကြည်ပါသည်။

Kook Trading Pte Ltd 2022

 

ကျွန်ုပ်တို့သည် Elan Logistics ၏ ဝန်ဆောင်မှုများကို ထောက်ခံပေးရသည့်အတွက် အင်မတန် စိတ်ကျေနပ်ရပြီး Elan သည် ကျွန်ုပ်တို့၏ တောင်းဆိုချက်များကို အမြဲတမ်း၊ အတိအကျ ဖြည့်ဆည်းပေးနိုင်၍ အမြဲစိတ်ကျေနပ်ရပါသည်။

From, SEWNODA (MYANMAR)FASHION CO.,LTD

“Elan Group သည် ပညာရှင် အထူးပီသပါသည်”
ကျွန်မတို့ အလုံးစုံ စိတ်ကျေနပ်ရပါသည်။ ရှေ့ဆက်၍လည်း ကြိုးစားစေလိုပါသည်။
ကျေးဇူးပါElan

ခင်စိုးခန့်
Myanmar JVK Indo-China Movers Ltd

ကျွန်မတို့အနေဖြင့် Elan Logistics Services ကို ထောက်ခံပေးရသည့်အတွက် ဝမ်းမြောက်ရ ပါသည်။
ကျွန်မတို့ Elan Logistics ထံမှ ဝန်ဆောင်မှုရယူသည်မှာ တစ်နှစ်ကျော်ပြီဖြစ်ပြီး ကျွန်မတို့ အပြည့်အဝ စိတ်ကျေနပ်ရကာ ကုမ္ပဏီ၏ မြန်ဆန်သည့် သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုများကို အထူးနှစ်သက်ပါသည်။
ထို့ပြင် Elan Logistics သည် ကျွမ်းကျင်ဝန်ဆောင်မှုများနှင့် အတွေ့အကြုံများကို ကျွန်မတို့အတွက် လက်တွန့်ခြင်းမရှိဘဲ ထောက်ပံ့ပေးလျက်ရှိပြီး အင်မတန် ကောင်းမွန်သည့် ဝန်ဆောင်မှုများအတွက် အထူးကျေးဇူးတင်ပါသည်။
ယခုဆက်ဆံရေးကို လာမည့်နှစ်များစွာ ထိန်းသိမ်းနိုင်မည်ဟု ယုံကြည်ပါသည်။
ကျေးဇူးတင်ပါသည်။

အိအိအောင် (Ms.)
Behn Meyer Myanmar Ltd.

Elan Logistics သည် ပညာရှင်ပီသပြီး အားကိုးနိုင်သည့် ကုမ္ပဏီတစ်ခုဖြစ်ပါသည်။
၎င်းတို့၏ ဝန်ဆောင်မှုများအတွက် စိတ်ကျေနပ်ရပြီး ကျွန်တော်တို့၏ သယ်ယူပို့ဆောင်ရေးဆိုင်ရာ လိုအပ်ချက်အတွက် သေချာထောက်ပံ့ပေးမှုများကို အထူးကျေးဇူးတင်ပါသည်။

George
Rainbow Bridge Distribution Co.,ltd

ကျွန်မအတွက် အကောင်းဆုံး ဝန်ဆောင်မှုများပေးခဲ့သည့် Elan Singapore နှင့် အထူးသဖြင့် Ms Ivy Moo နှင့် Ms Wah Wahတို့ကို ထောက်ခံသည့်အနေဖြင့် ယခုလိုအသိပေးရပါသည်။
2012 ခုနှစ်က သင်တို့ကုမ္ပဏီသည် ကုန်ပစ္စည်း ပို့ဆောင်ရေးနယ်ပယ်တွင် မျက်နှာသစ်ဖြစ်ပြီး သင်တို့ကို ရွေးချယ်အသုံးပြုခြင်းသည် ကျွန်မတို့အတွက် ကံကိုယုံ၍ ရွေးချယ်မှုတစ်ခု ဖြစ်ခဲ့ပါသည်။
ထိုအချိန်မှစ၍ 6 နှစ်ကျော်သည့် ယခုအချိန်တွင် ကျွန်မတို့အတွက် လုံးဝနောင်တရစရာ မရှိခဲ့ပါ။
အသေးစိတ် အာရုံစိုက်ခြင်း၊ နောက်ဆုံးအချိန်ကပ် တောင်းဆိုမှုများ အပါအဝင် အခြားတောင်းဆိုမှု များကို အလျင်အမြန် တုံ့ပြန်ခြင်းနှင့် ဝတ္တရားထက် ကျော်လွန်သည့် ဝန်ဆောင်မှုများပေးခြင်း တို့ကြောင့် ကျွန်မတို့ ကုမ္ပဏီအတွက် နှစ်ပေါင်းများစွာ အကူအညီဖြစ်စေခဲ့ပါသည်။
သင်တို့ဝန်ဆောင်မှုအပေါ် ယုံကြည်မှုရှိပြီး လိုအပ်ပါက မဆိုင်းမတွ ထောက်ခံပေးနိုင်ပါသည်။
မေးမြန်းလိုသည်များအတွက် အချိန်မရွေး ဆက်သွယ်နိုင်ပါသည်။

Sharon Lim
Lubritrade Trading Pte Ltd

ကျွန်မတို့သည် Elan Logistics နှင့် ဝန်ထမ်းများ၏ မဆုတ်မနစ် အားထုတ်မှုများကြောင့် မြန်မာနိုင်ငံမှ စီမံကိန်းကို အချိန်မီ ပြီးစီးနိုင်ခဲ့ပါသည်။ ကျွန်မတို့၏ သယ်ယူပို့ဆောင်ရေး လိုအပ်ချက်များအတွက် မိတ်ဖက်ဆောင်ရွက်ရသည်မှာ စိတ်ကျေနပ်ဖွယ်ရာ ဖြစ်ပါသည်။

Sim Horng Pin
Nylect Engineering Pte Ltd

သင်တို့ Elan Logistics နှင့် အတူလုပ်ရခြင်းသည် လာဘ်ပွင့်ခြင်း ဖြစ်ပါသည်။ ကျွန်ုပ်တို့ ပစ္စည်းများကို အချိန်မီ ရောက်ရှိရန်နှင့် ခွင့်ပြုချက်ရရန် သင်တို့စောင့်ကြည့်နေကြောင်း သိရှိပြီး လုပ်ငန်းများ ချောမွေ့စွာ လည်ပတ်နိုင်ရန် သင်တို့အဖွဲ့၏ သူမတူသော ပံ့ပိုးမှုများကို အထူး ကျေးဇူးတင်ပါသည်။ ခက်ခဲသည့် ပြဿနာမှန်သမျှကို ElanLogistics က ဖြေရှင်းနိုင်မည်ဟု ကျွန်ုပ်တို့ ယုံကြည်ပါသည်။ ကျွန်ုပ်တို့၏ လိုအပ်ချက်များကို နားလည်ပြီး ထိုကာလအတွင်း အကောင်းဆုံး ဝန်ဆောင်မှုများ ပေးသည့်အတွက် အထူးကျေးဇူးတင်ပါသည်။ နောက်ကွယ်မှ ကြိုးစားပေးခဲ့သည့် ကျန်အဖွဲ့သားများကို ကျေးဇူးတင်ပါသည်

JDC

ကျွန်ုပ်တို့သည် Elan Logistics နှင့် စာချုပ်ချုပ်ဆိုပြီး မြန်မာနိုင်ငံသို့ ပို့ဆောင်မှုများစွာအတွက် ခွင့်ပြုချက်ရရန်နှင့် အမှန်တကယ် ပို့ဆောင်ရန် အကူအညီ ရယူခဲ့ပါသည်။
ပို့ဆောင်မည့် ကုန်များတွင် အစိုးရ စာချုပ်တစ်ခုအတွက် ပြင်ဆင်မွမ်းမံထားသည့် ယာဉ်တစ်ခုအပြင် အခြားပုံမှန်မဟုတ်သော ပစ္စည်းများ ပါဝင်သည့်အတွက် ထိုပို့ဆောင်မှုသည် အထူးရှုပ်ထွေး ခက်ခဲပါသည်။ သင်တို့ Elan Logistics သည် ဒေသတွင်း လုပ်ထုံးလုပ်နည်းများနှင့် ပတ်သက်၍ အထူးသိရှိနားလည်ကြော်ငး ပြသနိုင်ခဲ့ပြီး တွဲလုပ်ရသည်မှာ အထူးအဆင်ပြေပါသည်။ ကျွန်ုပ်တို့သည် လုပ်ငန်းများ ချောမွေ့စွာ လည်ပတ်နိုင်ရန် သင်တို့၏ အကောင်းဆုံး ပံ့ပိုးမှုနှင့် ကျွန်ုပ်တို့ကုန်ပစ္စည်းများကို အချိန်မီ ခွင့်ပြုချက်ရပြီး ပို့ဆောင်ပေးမည်ဟု သိရှိရသည့်အတွက် အထူးကျေနပ်ရပါသည်။ ယခုလို သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှု အမျိုးအစားများ လိုအပ်မည့် အခြားကုမ္ပဏီများကိုလည်း Elan ကို အသုံးပြုရန် မလွဲမသွေ ထောက်ခံပေးပါမည်။

Mr. Ben Clotworthy
Sales & Manufacturing Manager
Data Collection Limited, Manufacturers of ROM